အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းပြည်သူ့နေအိမ်တွေကိုဆက်တိုက်လိုက်လံမီးရှို့ဖျက်ဆီးနေတာမှာ.၂၀၂၂ ဒီဇင်ဘာလမှာ တစ်လတည်းနေအိမ်ပေါင်း တစ်သောင်းနီးပါး (၉၆၉၆)လုံးမီးရှို့ဖျက်ဆီးခဲ့ပြီးမှတ်တမ်းဆိုးထပ်တင်ခဲ့ပါတယ်။အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကိုခုခံတွန်းလှန်မှုအားကောင်းတဲ့ဒသတွေကို မီးရှို့အကြမ်းဖက်နဲ့တုန့်ပြန်တာကို ၂၀၂၁ မေလ မှစပြီးဆက်တိုက်ပြုလုပ်ခဲ့တာပါ။ လပေါင်း ၂၀ ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာမှာ အချိန်ကြာလာတာနဲ့အမျှ လျော့ကျမသွားဘဲ ပြည်သူ့နေအိမ်တွေကိုပိုတိုးပြီးဖျက်ဆီးနေတာဖြစ်ပါတယ်။ ၂၀၂၁ မေလမှ ၂၀၂၂ ဒီင်ဘာဘာ လကုန်အထိ့ လပေါင်း ၂၀ အတွင်း နေအိမ်ပေါင်း ငါးသောင်းခန့်( ၄၈၃၈၃လုံး)မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarရဲ့ အချက်အလက်တွေအရသိရပါတယ်။
တစ်လတည်းအများဆုံးမီးရှို့ဖျက်ဆီးခံရတာက ၂၀၂၂ ဒီဇင်ဘာလဖြစ်ပြီး ပြည်သူ့နေအိမ်ပေါင်း ၉၆၉၆ လုံးကိုပြာချခဲ့တာပါ။ ၂၀၂၂ မေလမှာ နေအိမ်ပေါင်း ၆၇၂၄ လုံးပြာကျခဲ့ပြီး ဒုတိယအများဆုံးဖျက်ဆီးခံရတဲ့လဖြစ်ပါတယ်။ တတိယအများဆုံး မီးရှို့ခံရတဲ့လက ၂၀၂၂ နိုဝင်ဘာလဖြစ်ပြီးပြည်သူ့နေအိမ် ၆၁၃၉ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်တပ်မီးရှို့ဖျက်ဆီးတဲ့ပုံစံဟာ စစ်ကောင်စီတပ်ကို ခုခံမှုအားကောင်းတဲ့ဒေသတွေကို ဘယ်သူ့အိမ်ရယ်လိုမခွဲခြားဘဲ တွေ့သမျှ မီးရှို့နေတာဖြစ်ပြီးတော့ ၂၀၂၂ ဇန်နဝါရီလကစပြီး သိသိသာသာတိုးပြီးဖျက်ဆီးနေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီးနေတဲ့ အချက်အလက်တွေကို Data For Myanmar က စုစည်းပြီးမှတ်တမ်းတင်ပေးနေတာဖြစ်ပါတယ်။ ဒါတောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်ထားလို့ဆက်သွယ်ရေးခက်ခဲ့လို့သတင်းအချက်အလက်မရသေးတဲ့၊အတည်ပြုဖို့ခက်ခဲနေတဲ့ဒေသတွေအချက်အလက်တွေကျန်သေးပြီးမြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်တောင်ပိုများနိုင်ပါတယ်။
