မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိစစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။
ဇန်နဝါရီ၁၃ ရက်က ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ စစ်ကောင်စီတပ်အား မြိုင်(ပကဖ) အဖွဲ့က နံနက် ၈ နာရီခန့်မှ ညနေ ၃နာရီခွဲအတွင်း အီနာဂါ ၁၀လုံးချကာ တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ထို့အပြင် MA1သေနတ်တစ်လက်နှင့်ကျည် ၂၅ တောင့်ဘောက်တစ်ခု သိမ်းဆည်းနိုင်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
“ကန်တော်ကျေးရွာလမ်းဆုံမှာချပြီးတော့ ထိခိုက်မှုရှိမရှိ ရှင်းလင်းစဉ်တွေ့ရှိခဲ့တာပါ။”ဟု ၎င်းက ပြောသည်။
ပခုက္ကူမြိူ့နယ်တွင် စစ်ကောင်စီတပ်သည် ဒေသတွင်းပြည်သူများအား ဆိုင်ကယ်နှစ်ယောက်မစီးရန်နှင့် ကန့်သတ်ချိန်အတွင်းသာမောင်းနှင်ရန် အဓမ္မထုတ်ပြန်ထားသည်။
