စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူ့အိုးအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာမှာ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ့ ၂၃ လအတွင်း နေအိမ်ပေါင်း ငါးသောင်းခန့်( ၄၈၄၆၃လုံး)မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarက ဒီကနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ၎င်းတို့ကို ခုခံတော်လှန်တဲ့ဒေသတွေကို မီးရှို့ အကြမ်းဖက်တာကို ၂၀၂၁ မေလကနေ ဒီနေ့အထိ့တိုးပြီးပြုလုပ်နေတာဖြစ်ပါတယ် ။ ဒါကြောင့် ၂၀၂၁ မေလကစတင်ရေတွက်ရင် စစ်အုပ်စုကနိုင်ငံတစ်ဝန်းမီးရှို့ဖျက်ဆီးနေတာလပေါင်း ၂၀ ရှိပါပြီ။

စစ်ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီးနေတဲ့ အချက်အလက်တွေကို Data For Myanmar က စုစည်းပြီးမှတ်တမ်းတင်ပေးနေတာဖြစ်ပါတယ်။ ဒါတောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်တောက်ထားလို့ဆက်သွယ်ရေးခက်ခဲ့လို့ သတင်းအချက်အလက်မရသေးတဲ့၊အတည်ပြုဖို့ခက်ခဲနေတဲ့ဒေသတွေ ၊အချက်အလက်တွေကျန်နိုင်သေးပြီးမြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်တောင်ပိုများနိုင်ပါတယ်။
စစ်ကောင်စီတပ်အများဆုံးဖျက်ဆီးအကြမ်းဖက်တဲ့ဒေသက စစ်ကိုင်းတိုင်းဖြစ်ပါတယ် ။နေအိမ်ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။မကွေးတိုင်းကနေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ တိုင်းနဲ့ပြည်နယ်၁၄ ခုရှိတာမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကလွဲရင် ကျန်ဒေသတွေအားလုံးက စစ်အုပ်စု မီးရှို့တာခံထားရတဲ့ဒေသတွေပဲဖြစ်ပါတယ် ။
