Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့နယ်တွင် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီစစ်ကြောင်း ခင်ဦးမြို့နယ်ကူးလာ၍ ဒေသခံထောင်နှင့်ချီ ထွက်ပြေးရပြန်

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလဆန်းက ခင်ဦးနယ် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ၈ဦးအား သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကို မီးပတ်ရှို့နေသော စစ်ကောင်စီတ​ပ်က ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ ကူးလာ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) ညပိုင်းက ရေဦးမြို့နယ်၊ မန်ကျည်းတောကျေးရွာ တောင်ဘုန်းကြီးကျောင်း ညအိပ်ခဲ့သော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇန်နဝါရီ၁၆ ရက်) နံနက်ပိုင်းတွင် မူးမြစ်ကူးတံတားမှ အရှေ့ဘက် ခင်ဦးမြို့နယ် အနောက်ခြမ်းဘက်သို့ ကူးလာခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထို့နောက် ပျူစောထီးကြီးစိုးရာ ရွာသစ်ကုန်းကျေးရွာမှ အနောက်ဘက် အင်တိုင်းလေးမြောက်ကျေးရွာအနီးရောက်ရှိကာ လက်နက်ငယ်များ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလဆန်းက ခင်ဦးနယ် အလယ်ရှိုကျေးရွာမှ ဒေသခံ ပြည်သူ၈ဦးအား သတ်ဖြတ်ပြီး အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“ပျဥ်ထောင်ပျူရွာဘက်ကနေလည်း လှည်း၅စီးနဲ့ ရေဦး-ခင်ဦးလမ်း လမ်းပိုင်းဘက်တက်လာတယ်။ ပြည်သူတွေ မြေပြင်သတင်းယူပြီး တိမ်းရှောင်ပေးကြပါ။”ဟု Khin U Special force Organization_KSO အဖွဲ့က အသိပေးသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၉)ရွာမှ နေအိမ် ၂,၅၀၀ကျော်အား မီးရှို့ဖျက်ဆီးထားပြီး ပြည်သူ့ ရဲဘော်နှင့် ဒေသခံပြည်သူ ၂၅၀ဦး အား အကြမ်းဖက်သတ်ဖြတ်ထားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်နိုင်ရန် မောင်းပြန်သေနတ် အစစ်ဝယ်နိုင်ရန်အတွက် ကူညီပေးကြရန် Area 71 PDF Monywa အဖွဲ့မေတ္တာရပ်ခံထားသည်။

သတင်း

"အမျိုးသားကတော့ ဒဏ်ရာပြင်းထန်လို့ အခုထိ လွိုင်ကော်ဆေးရုံမှာပဲ။အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ"ဟု ရွှေလွိုင်ကော်ပရဟိတအသင်းတာဝန်ရှိသူက ပြောသည်။

သတင်း

ယမန်နေ့ ညကတည်းက ချမ်းသာကျေးရွာကို မီးတင်ရှို့ပြီး ဘုရားကျောင်း၌ ညအိပ်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ခရစ်ယာန်ဘုရားကျောင်းအား မီးတင်ရှို့ခဲ့သည်။

သတင်း

ဇန်နဝါရီ ၁၅ရက် နံနက် ၉ နာရီခန့်တွင် မတူပီ - ဟားခါးလမ်းရှိ ငလိုင်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၍ မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။