စစ်ရေးအခြေအနေကြောင့် ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြို့ရှိ နန်းဖဲ – ဘောလခဲနှင့် ထူးချောင်းလမ်းကို ဝင်ထွက်သွားလာခွင့်ပိတ်ပင် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)တပ်ရင်း – ၁၆က ထုတ်ပြန်အသိပေး သည်။
လမ်းပိုင်းများပိတ်ပင်ခြင်းမှာ ယနေ့(ဇန်နဝါရီ ၁၂ ရက်)ကစ၍ အကျူံးဝင်ပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ပင်ကြောင်း ဖော်ပြသည်။
“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စကစက ဖရူဆို ထဲမှာ စစ်ကြောင်းထိုးနေတာ။ပြီးတော့ ဒီးမော့ဆို ဖရူဆို လမ်းမကြီးကိုလည်းပြန်ရဖို့ သူတို့ အင်အားဖြည့်နေတာရှိတယ်”ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ် ပြတ်ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းနေသည့်အခြေအနေများကို နားလည် ပေးရန်လည်း မေတ္တာရပ်ခံသည်။
လက်ရှိ ကရင်နီဒေသတွင်စစ်ရေးအရ လွိုင်ကော် -စံပြ(၆မိုင်)-ဒေါတမကြီး-ဘောလခဲ လမ်းမကြီးသွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ပင်ထားဆဲ ဖြစ်သည်။
