စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော် လမ်းပိုင်းအား ပြည်သူများ ဖြတ်သန်းသွားလာခြင်း ယာယီရပ် နားထားရန် Danger Force LPDFအဖွဲ့က ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာ – အရာတော်လမ်းပိုင်းတစ်နေရာ၌ တပ်စွဲ၍ သွားလာလှုပ်ရှားမှုများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့်အဆိုပါ လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို ယခုအချိန်ကစ၍ အထူးပင်တားမြစ်ပိတ်ပင်ကြောင်း Danger Force LPDFအဖွဲ့က ယနေ့ (ဒီဇင်ဘာ၁၉ ရက်)သတိပေးကြေညာ သည်။
တားမြစ်သည့်ထားကြားက သွားလာ၍ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ပါက ပြည်သူ့တပ်ဖွဲ့များအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း၊ပြန်လည်အသုံးပြုသွားလာနိုင်သောအချိန်ကို သီးခြားထုတ်ပြန်ပေးမည်ဖြစ်ကြောင်း Danger Force LPDFအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မုံရွာ – အရာတော်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
