မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးမှာ မနေ့ဩဂုတ် (၇)ရက် ည(၁၁) နာရီခွဲအချိန်က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီကနေ့ဩဂုတ်(၈)ရက် နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်ကဆိုထားပါတယ်။
မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့မှာ စစ်ကောင်စီတပ်နဲ့ကော်ဘရာစစ်ကြောင်းတို့အကြား တလကြာတဲ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်း များပြားနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
