ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်ရှိ မြ၀တီ – ဝေါ်လေလမ်း သုံးထပ်ကွေ့အနီးသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်လာကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ်တစ်စီးသည် ယမန်နေ့ (ဩဂုတ် ၇ရက်) ည ၁၁နာရီခွဲတွင် အလစ်အငိုက် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံခဲ့ကြောင်း အသိပေးထားသည်။
ယနေ့ (ဩဂုတ် ၈ရက်) နေ့လည်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာတွင်လည်း ကော်ဘရာ စစ်သည်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။
အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။
