စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ (ဩဂုတ် ၆)က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကျေးရွာတွင် ဆရာ၊ဆရာမ ၇၀ ဝန်းကျင်ဖြင့် ကျောင်းသား၊ကျောင်းသူ ၆၀၀ ကျော်ကို မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေကြောင်း သိရသည်။





ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ နယ်မြေစိုးမိုးမှု အားကောင်းလာသည့် ယင်းမာပင်ခရိုင်အတွင်း NUG ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် CDM ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေကြပြီး ပညာရေးစုံညီပွဲတော်များနှင့် အားကစားပွဲတော်များကိုလည်း ကျင်းပပြုလုပ်လျက်ရှိကြသည်။

דירה דיסקרטית ברמת גן
07/08/2022 at 12:27 ညနေ
Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.