တန့်ဆည်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင် စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး G-3 သေနတ် ခြောက်လက် ရရှိကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPC က ထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၇ ရက်) နံနက်ပိုင်းတွင် မော်တော်ယာဥ် ဖြင့်ကင်းလှည့်နေသော စစ်ကောင်စီအဖွဲ့ကို ပြည့်သူ့ရဲဘော်အဖွဲ့(TPC)နှင့် တန့်ဆည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“တန့်ဆည်လမ်းဆုံမှတောင်ထွက်ဂိတ်တွင် မနက်စောစော လမ်းပေါ်တက် ဆက်ကြေးကောက် ဓါးပြတိုက်ရန်ထွက်လာသော စခများ ဂိတ်မရောက်ခင် လမ်းခုလတ်၌ ဖောက်လိုက်ဆွဲကင်ခံရ အကုန်မသာပေါ်ကြောင်း ကနဦးသိရ”ဟု Taze Support Organization က ပြောသည်။
တိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း TPC က အသိပေးသည်။
ထို့အပြင် သြဂုတ် ၃ ရက်ကစ၍ တန့်ဆည်မြို့နယ်တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့်ပျူ ၂၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

דירה דיסקרטית ברמת גן
07/08/2022 at 12:27 ညနေ
Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.