ဧရာဝတီတိုင်း၊ မြန်အောင်မြို့တွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်သည်။
မြန်အောင်မြို့၊ ကညင်ငူကျေးရွာမှ မသန္တာဆိုသူကို ယမန်နေ့ (ဩဂုတ် ၆ရက်)က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ရိုးမဧရာဝတီနှင့် နဂါးနီတော်လှန်ရေးပူပေါင်းအဖွဲ့က ထုတ်ပြန်သည်။
“အဲအမျိုးသမီး(မသန္တာ)က စစ်ကောင်စီနဲ့ တော်တော် လေး အတွဲညီတယ်။ စစ်တပ်က မွေးထားတာ။ ပျူစောထီးအဖွဲ့ဖွဲ့မယ်ဆိုတော့လည်း သူပါတယ်။ အခုတော့ ရှင်းလင်းခံလိုက်ရပြီ”ဟု ကညင်ငူကျေးရွာဒေသခံတစ်ဦးက ပြောသည်။
မသန္တာသည် ကားလက်မှတ်ရောင်းသည့် အလုပ်လုပ်ပြီး သူ၏ဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။
မြန်အောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ စီးပွါးရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ထောက်တိုင်များအား တိုက်ခိုက်သုတ်သင်သွားမည်ဖြစ်ကြောင်း နဂါးနီတော်လှန်ရေးတပ်ဖွဲ့မှ ဇူလိုင် ၂၃ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီပစ်မှတ်များနှင့် ဝေးဝေးနေရန် တိုက်တွန်းထားပြီး စစ်ဆင်ရေးများအား မည်သည့်အကြောင်းနှင့်မျှ ပယ်ဖျက်လိမ့်မည် မဟုတ်ကြောင်း သတိပေးခဲ့သည်။
