မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ (သြဂုတ် ၆) စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းအပြီး ဒေသခံပြည်သူများက ငွေသားများအပြင် ၎င်းတို့ ဝတ်ဆင်လာကြသော ရွှေနားဆွဲ၊ ရွှေနားကပ်၊ ရွှေလက်စွပ်နှင့် ရွှေကလစ်များကိုပါ ချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ကူညီထောက်ပံ့လှူဒါန်းခဲ့ကြသည်။
နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။





“အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသော ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်ုပ်တို့ ကော်မတီမှ လေးလေးစား ဦးညွတ်ဂါရဝပြုအပ်ပါသည် ” ဟု BEGSC က ဆိုသည်။

דירה דיסקרטית ברמת גן
07/08/2022 at 12:27 ညနေ
Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.