ပြည်သူ့ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ၏ ဇူလိုင် ၃၀ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ စစ်တရားရုံးချုပ်နှင့်အကျဉ်းစစ် တရားရုံးချုပ် ဖွဲ့စည်းခွင့် အာဏာကို အပ်နှင်းလိုက်ကြောင်းပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ ဥက္ကဋ္ဌ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလကထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။
ယခုကဲ့သို့ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာ အပ်နှင်းလိုက်ခြင်းသည်ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်စစ်ဘက်ရေးရာအမှုများကိုကိုင်တွယ် ဆောင်ရွက်ရန် အတွက်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးကမှတ်ချက်ကြုသည်။
