စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် နိုင်ငံတွင်း ကုမ္ပဏီများဖျက်သိမ်းခြင်း၊ လူမွဲစာရင်းခံယူကာဒေဝါလီခံလာသောကုမ္ပဏီနှင့်လုပ်ငန်းများ ပိုမိုများပြားလာကြောင်း ဥပဒေအကျိုးဆောင်များကပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားငွေကန့်သတ်မှု၊ လျှပ်စစ်မီးမမှန်မှု၊ စက်သုံးဆီဈေးကြီးမြင့်မှု၊စီးပွားရေးလုပ်ငန်းများလေးလံထိုင်းမှိုင်းပြီး ငွေကြေးဖောင်းပွမှု၊လက်ပန်းဆက်သွယ်ရေးခက်ခဲမှု စသည်တို့ကြောင့်နေ့စဉ် ဖျက်သိမ်းပေးရသည့် ကုမ္ပဏီအရေအတွက် ပိုမိုများပြားလာကြောင်း ကုမ္ပဏီရေးရာ ဥပဒေအကျိုးတောင် တစ်ဦးကပြောသည်။
“တစ်နေ့ကို အနည်းဆုံးကုမ္ပဏီလေးခုလောက် စာရင်းရှင်းဖျက်သိမ်းတာလုပ်ပေးနေရတယ်။ ဒီရက်ပိုင်းကို တော်တော်များလာတယ်”ဟု ဥပဒေအကျိုးဆောင်တစ်ဦးကပြောသည်။


ယခုလပိုင်းအတွင်းစာရင်းရှင်းလင်းပြီးဖျက်သိမ်းသည့် ကုမ္ပဏီအရေအတွက်က သိသိသာသာပိုမိုများလာသည်ဟု လည်း၎င်းကဆက်ပြောသည်။
အလားတူဒေဝါလီခံသည့် ကုမ္ပဏီများလည်းတဖြည်းဖြည်းပိုများပြားလာသည်ဟု ၎င်းကပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ စာရင်းဖျက်သိမ်းသည့် ကုမ္ပဏီများမှာတစ်လလျှင် ရာဂဏန်းမှ ထောင်ဂဏန်းအထိပင်ရှိလာသည်ဟု ကုမ္ပဏီမှတ်ပုံတင်ရေးဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်။
ကုမ္ပဏီများဥပဒေအရကုမ္ပဏီတစ်ခုဖျက်သိမ်းလျှင်ကြွေးမြီများကို အပြည့်အဝပြန်ပေးချေမည်ဟု ကျမ်းကျိန်လွှာဖြင့် ကြေညာချက်ထုတ်ပြန်ပြီး ကုမ္ပဏီဒါရိုက်တာများ၏ ဆန္ဒအရဖျက်သိမ်းနိုင်သည်ဟုသတ်မှတ်ထားသည်။ကြွေးမြီပြန် မဆပ်နိုင်တော့ဘဲ လူမွဲစာရင်းခံယူပြီး ကုမ္ပဏီဖျက်သိမ်းပါက ၂၀၂၀တွင်ပြဌာန်းသည် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအတိုင်း ဆောင်ရွက်ရခြင်းဖြစ်သည်။
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများက လုပ်ငန်းများ ရပ်ဆိုင်းပြီး၊လုပ်ငန်းကြီးအများစုက ဒေဝါလီခံ(လူမွဲစာရင်း)ခံယူလာခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။


“ဒီနှစ်ဆန်းလောက်ထိတော့အားလုံးထိန်းပြီးလုပ်ငန်းလည်ပတ်ပါသေးတယ်။ အခုက ဘယ်လိုမှ မဖြစ်လို့ လုပ်ငန်းရပ်တန့်လိုက်ကြတာ”ဟုအထက်ပါလုပ်ငန်းရှင်ကပြောသည်။
နိုင်ငံအတွင်းငွေကြေးဖောင်းပွခြင်း၊ နိုင်ငံခြားငွေကြေး ထိန်းချုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊လျှပ်စစ်မီးမမှန်ခြင်း၊ဖုန်းနှင့်အင်တာနက်အသုံးစာရိတ်များမြင့်တာလာခြင်းနှင့် စက်သုံးဆီဈေးမြင့်တက်လာခြင်းစသည်တို့ကြောင့် လုပ်ငန်းအများစုမှ ရပ်တည်ရန် ခက်ခဲလာသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။
သို့သော်စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ဇူလိုင်လတွင်းကုမ္ပဏီအသစ် ၉၀၀ကျော်မှတ်ပုံတင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်ကာလနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်လျော့နည်းနေဆဲဖြစ်သည်။ ထိုအပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီပေါင်း ခြောက်သောင်းဝန်းကျင်ရှိပြီးနိုင်ငံခြားကုမ္ပဏီအများစုမှာ မြန်မာနိုင်ငံမှပြန်လည်ထွက်သွားပြီး ထွက်ခွာနေကြဆဲဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းကသိရသည်။


အာဏာသိမ်းခေါင်းဆောင်က လာမည်ခြောက်လအတွင်းစီးပွားရေးတိုးတက်အောင်လုပ်မည်ဟု ယခင်အပါတ်ကပြောကြားခဲ့သေးသည်။ သို့သော်ပြည်တွင်းတွင်ငွေကြေးဖောင်ပွမှု ၊ အလုပ်အကိုင်ရှားပါမှု ၊စီးပွားရေးလုပ်ငန်းအများစုအ
လုပ်မကောင်းဘဲစီးပွားရေးနှေးကွေးလေးလံနေမှု ၊မီးပျက်ပြီး မီးမမှန်ဘဲ ဒေါ်လာဈေးတက်သောကြောင့်သွင်းကုန်များဈေးကြီးကာကုန်ထုတ်လုပ်မှုကြီးမြင့်ကာကုန်ဈေးနှုန်းတက်မှု ၊ အညာတွင်စစ်တပ်ကရွာများကိုလိုက်လံမီးရှို့ပြီး အကြမ်းဖက်နေသဖြင့် တောင်သူများစိုက်ပျိုးရေးမလုပ်နိုင်မှု၊လာဘ်ပေးလာဘ်ယူပြသာနာပိုမိုကြီးမားလာမှု စသောပြသာနာပေါင်းများစွာကြုံနေသည်။

דירה דיסקרטית ברמת גן
07/08/2022 at 12:26 ညနေ
Hello! I simply wish to offer you a big thumbs up for the excellent information you have here on this post. I am coming back to your web site for more soon.