ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချကာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုပြီး အစည်းအဝေးခေါ်ကာ သက်တမ်း ၆ လ ထပ်တိုးလိုက်ပါတယ်။
အဲဒီကာလုံအစည်းအဝေးကို NLD အစိုးရလက်ထက်မှာ စစ်တပ်က ဒုတိယသမ္မတ တင်မြှောက်ထားတဲ့ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် အကြီးအကဲလုပ်ပြီး ကျင်းပတာကို စစ်ကောင်စီ ရဲ့ ဝါဒဖြန့် ရုပ်သံကဒီနေ့ ညပိုင်း ၈ နာရီ သတင်းမှာထည့်သွင်းကြေညာပါတယ်။
အစည်းအဝေးကို NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်ခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးအရမတက်ရောက်ခဲ့ပါဘူး။
