ကရင်ပြည်နယ် ဝေါ်လေဒေသမှာရှိတဲ့ ဥကရစ်ထစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ VENOM စစ်ကြောင်းတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး(၁၀)ဦးခန့် သေဆုံးသွားခဲ့တယ်လို့ VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင်(၂၉)ရက် ညနေ(၄)နာရီမှာ ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)စစ်ကြောင်းနဲ့ VENOM စစ်ကြောင်းတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဆိုပါတိုက်ပွဲမှာ VENOM စစ်ကြောင်းကို လာရောက်အားဖြည့်ပေးတဲ့ စစ်ကြောင်းတစ်ခုက ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး VENOM စစ်ကြောင်းဘက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုကတော့ (၁၀)ဦးနဲ့အထက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့တယ်လို့ VENOM စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
