မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ပုဂ္ဂလိ ဆေးခန်းတစ်ခုဖြစ်တဲ့ ယုယမေတ္တာဆေးခန်းကို စစ်အုပ်စု ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ် ၇၇ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိတဲ့ ယုယမေတ္တာ ဆေးခန်းဟာ PDF ကိုထောက်ပံ့တယ်ဆိုပြီး မနေ့က ချိတ်ပိတ်လိုက်တာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကလည်း စစ်အုပ်စုဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မန္တလေးမြို့က ဆေးခန်းကိုချိတ်ပိတ်ပြီးဆေးခန်းပိုင်ရှင်ကိုလည်း ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက် အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်တရားစွဲဆိုထားပါသေးတယ်။
