ရန်ကုန် – နေပြည်တော် အမြန်လမ်း (၁၅၈)မိုင်ရှိ စစ်ကောင်စီလက်အောက်ခံ စမိုးရဲကင်းအား တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)စနိုက်ပါတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးစစ်ဒေသခွဲက ယနေ့ (ဇူလိုင် ၂၀) ထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင် ၁၉ ရက်)ည ၈ နာရီ ၁၀မိနစ်ခန့်တွင် စနိုက်ပါတပ်ဖွဲ့မှ စမိုးရဲကင်းအား အီနာဂါဗုံး (၄၀) မမ၊ (၇၉) မမများအပါအဝင် ရှေ့ထွက်မိုင်း၊ တာဝေးပစ်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
“ယခုတိုက်ခိုက်မူ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီမှ စခ ခြောက်ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိနိုင်ပါသည်”ဟု ထုတ်ပြန်ချက်တွင် အသိပေးသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း တောင်ငူခရိုင် PDF တပ် ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)မှ စနိုက်ပါတပ်ဖွဲ့များ အထိ အခိုက်မရှိဘဲ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
