စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းလမ်းပိုင်း၃ခုတွင် ဆီတင်ယာဥ်များ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်း Salin Gyi GZ Local PDFကသတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ဆီပီပါကားများနှင့် ဆီဘောက်ဆာကားများကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ကြောင်း မုံရွာ-ပုသိမ်လမ်း၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊ ဆားလင်းကြီးပေါင်းဝလမ်း၊ ဆီကုန်ကူးသည့်ကားများ သတိပေးချက်ကို မလိုက်နာပါက ဖြစ်လာမည့်နောက်ဆက်တွဲ ပြဿနာများအား တာဝန်ယူမည်မဟုတ်ကြောင်း Salin Gyi GZ Local PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း၊ သတိပေးချက်ကို လိုက်နာကြရန် Salin Gyi GZ Local Pdf၊ One Star Task Force၊ Young People Force စသည့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများက သတိပေးသည်။
