ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် ခေတ်အဆက်ဆက် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြု ပါကြောင်း PDF ဂန့်ဂေါ တောင်ပိုင်းက ထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၁၉ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂန့်ဂေါတောင်ပိုင်းက ပြုလုပ်ခဲ့သည်။

” မသမာသူလူတစ်စုကြောင့် ကျဆုံးခဲ့ရသောလွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ခေတ်အဆက်ဆက်ဖက်ဒရယ် ဒီမိုကရေစီအရေး အတွက်တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ၊ အကြမ်းဖက်စစ်အာဏာရှင်စနစ် ဆိုးကြီး ကို တော်လှန်ရင်းအသက်ပေးတိုက်ပွဲဝင်သွားကြသောအာဇာနည်သူရဲကောင်းများအားလုံးအား ကျနော်တို့PDF ဂန့်ဂေါတောင်ပိုင်းတပ်ဖွဲ့မှ ဦးညွှတ်အလေးပြု အပ်ပါသည်”ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် မပြီးပြတ်သေးသော တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဟု ကတိကဝတ်ပြုပါသည်ဟူ၍လည်း ထုတ်ပြန်ထားသည်။
