ချင်းပြည်နယ် မတူပီအခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး စစ်ကောင်စီကိုစွန့်ခွာပြီး CDM ပြုလုပ်လာ၍လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန် သည်။
စစ်ကောင်စီ၏ ခမရ(၃၀၄) တပ်ရင်းမှ တပ်သားဖြိုးဝေဦးသည် ဇူလိုင် ၁၀ရက်တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းနှင့်အတူ လက်နက်ခဲယမ်းများ ပါဝင်လာခြင်းရှိ၊မရှိကိုမူ ဖော်ပြမထားပေ။
ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။
