ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော်များ ပါဝင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်း၏ Cobra Column Facebook Page ကို အကြမ်းဖက်စစ်ကောင်စီဘက်က အုပ်စုဖွဲ့ပြီး Report လုပ်နေကြကြောင်း ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်အသိပေးသည်။
ထိုသို့နည်းမျိုးစုံဖြင့် Report လုပ်နေ၍ Video အချို့၊ Post အချို့ ဖျက်ချခံထိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် Cobra Column Facebook Page ဆက်လက်တည်ရှိနိုင်ဖို့အတွက် Page ကို 5 Stars ပေးပြီး Good Reviews များ ရေးပေးခြင်းဖြင့် Page Engagement နဲ့ Stability ရရှိရေး ကူညီပေးကြရန် ကော်ဘရာစစ်ကြောင်းက တောင်းဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီဘက်က အုပ်စုဖွဲ့ပြီး Report လုပ်ကြနေ၍ Post Reach လည်း လျော့ကျနေကြောင်း၊ ထို့ကြောင့်ဓမ္မဘက်တော်သားများ၏ စည်းလုံးမှုကို ပြန်လည်ပြသပေးကြရန် ဖော်ပြထားသည်။
ကော်ဘရာစစ်ကြောင်းသည် မြ၀တီ – ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။
