စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးမှာ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။
တာဟန်းရပ်ကွက်ရှိ လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းဟု မြို့ခံများက ပြောသည်။
သို့သော် လူထိခိုက်မှုအခြေအနေ အတိအကျ မသိရသေးသော်လည်း လူမှုရေးအဖွဲ့များထံ အကူအညီတောင်းသည့် ဖုန်းခေါ်ဆိုမှုများရရှိထားသည်ဟု ဒေသခံလူမှုရေးအဖွဲ့အချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

လတ်တလော အခြေအနေရှုပ်ထွေးနေချိန်တွင် အကူအညီမပေးနိုင်သည့်အတွက် စိတ်မကောင်းကြောင်း လူမှုရေးအဖွဲ့တစ်ဖွဲ့က ရေးသားထားသည်။
စစ်ကောင်စီကင်းစခန်းတစ်ခုက သေနတ်ဖြင့်ပစ်၍ အရပ်သားပြည်သူနှစ်ဦး သေနတ်ကျည်ထိမှန်ထားသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။
