ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)၏ အထူးကွန်မန်ဒိုတပ်ခွဲကို ယနေ့ (ဇူလိုင် ၁၂ ရက်) တွင် ဖွဲ့စည်းကြောင်း အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်သည်။
အထူးကွန်မန်ဒိုတပ်ခွဲအနေဖြင့် တပ်ပေါင်းစု၏ စစ်ရေးနှင့် နိုင်ငံရေးလမ်းညွှန်ချက်ကို ခံယူကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်သည်အထိ လက်နက်မချစတမ်းတိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့်လည်း လိုက်နာရမည့်စစ်ရေးကျင့်ဝတ်များကို ချွင်းချက်မရှိစောင့်ထိန်း၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ဦးထိပ်ထား၍ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း ကတိပြုသည်။

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လျက်ရှိသော တော်လှန်ရေးတပ်ဖွဲ့များစုစည်း၍ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union– KRU)ကို ဧပြီ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ KRU တွင် Karenni Generation – Z (KGZ)၊ Karenni Democratic Front (KDF)၊Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နှင့် Southern Shan People Defense Force (SSPDF) တို့ပါဝင်သည်။
