စစ်ကောင်စီတပ်ကတိုက်ခိုက်ခံရသည့် မဲဇာရဲစခန်းသို့ တပ်ကူလွှတ် လိုက်သည့် ခမရ ၃၀၉ တပ်သည် ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးပြီး စစ်ယူနီဖောင်းများဝတ် ဆင်၍ ဓါးစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ထို့နောက် ၎င်းတို့လာရာ လမ်းတလျှောက်ရှိကူးဆိပ်၊ ကျန်တော၊နားနောင်၊ကျော်ရွာနှင့်နားခါရွာမှ ပြည်သူ ၁၅ ဦးခန့်အား ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည်ဟု Indaw Revolution ကဖော်ပြသည်။
“ဖမ်းခံထားရတဲ့သူတွေ ငိုနေတယ်လို့ သိရတယ်။အခုစခ စစ်ကြောင်းအတိုင်း ပါသွားတယ်။ပြန်မလွှတ်ပေးသေးဘူး”ဟု IR တာဝန်ရှိသူက ပြောသည်။

ခမရ ၃၀၉ စစ်ကြောင်းသည်အင်းတော်မြို့၏တောင်ဘက် နတ်မဟုတ်ကြီး၊သံဘိုနှင့် မဲဇာရွာဘက်ကို ဦးတည်ပြီးလယ်ပြင်လမ်းအတိုင်း မဲဇာရဲစခန်းသို့ ဦးတည်သွားနေကြောင်းလည်း ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့ သူတို့လာမှာကို သိတယ်။ဒါပေမယ့် ပြည်သူတွေ ကိုစစ်ဝတ်စုံဝတ်ပြီး ဓားစားခံလုပ်ထားတော့ တိုက်ပွဲဖော်ဖို့ အဆင်မပြေသေးဘူး။ဒါကြောင့် တိုက်ပွဲမရှိသေးဘူးလို့ ပြောလို့ရတယ်”ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ပြော သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဒေသခံသ တင်းရင်းမြစ်များနှင့် စစ်ကောင်စီတပ်၏ လှုပ် ရှား မှုများကို သတင်းပေးနားစွင့်ရန်အစဥ်အမြဲ လိုအပ်ကြောင်းIR မှတာဝန်ရှိသူကတိုက်တွန်းသည်။
ဇူလိုင် ၁၀ ရက်ကစစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ မဲဇာရဲစခန်းကိုKIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၃၀ ထက်မနည်းသေဆုံးကြောင်း Indaw Revolution က ထုတ်ပြန်ထားသည်။
