ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဇီးပြောင်းနဲ့ပျဉ်းကတိုးကျေးနယ်အုပ်စုမှာရှိတဲ့ ဒေသခံပြည်သူတွေတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး (၁၂၀ မမ)နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင်အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွတွေက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၀ ရက် ညနေ ၄ နာရီအချိန်ကလည်း ပျဉ်းကတိုးကုန်းကျေးနယ် ရွှေဖြူအနီးမှာ စစ်ကောင်စီကလက်နက်ကြီး (၈၁မမ)နဲ့ ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံတွထိခိုက်မှု တစ်စုံတစ်ရာ မရှိပေမယ့် အခုလို စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုနွေကြောင့် စိုးရိမ်ထိတ်လန့်နေကြရကာ ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
