မန္တလေးမှာ အိုးဘိုထောင်ကနေ အမှုစစ်ပြီးပြန်လာတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးမနေ့က ဇူလိုင်လ ၁၁ ရက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီကနေသိရပါတယ်။
ဖမ်းဆီးခံရသူအမျိုးသမီးရဲ့ အမျိုးသားဟာလည်းရှေ့နေဖြစ်ပြီး ယောင်္ကျားဖြစ်သူကိုမတွေ့တဲ့အတွက် မိန်းမကို စစ်အုပ်စုက ဖမ်းဆီးတာလို့သတင်းထွက်နေပါတယ်။
“သူက ထောင်မှာအမှုသွားစစ်လိုက်တာ၊သူ့အမျိုးသားမတွေ့လို့ ဖမ်းသွားတယ်လို့ သိရတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
အဲဒီ ရှေ့နေအမျိုးသမီးဟာ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းခံရသူတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေသူလို့လည်းသိရပါတယ်။
မန္တလေးမှာ စစ်အုပ်စုဟာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးတာခံရတဲ့ ရှေ့နေအရေအတွက်ဟာ မန္တလေးမှာ ၁၈ ဦးခန့်ရှိလာပါပြီ။ ဖမ်းဆီးရာမှာ အမှုစစ်ရာကနေအပြန် စောင့်ဖမ်းတာ ၊ ရုံးခန်းကိုဝင်ရောက်စီးနင်းဖမ်းဆီးတာတွေလုပ်နေတာပါ။
