ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာတင်ကား ၂စီးကို ယမန်နေ့ ဇူလိုင် ၁၁ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်စီတပ်မှ ၃ဦးသေဆုံးခဲ့ကြောင်း ဒီးမော့ဆိုပြည် သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့မရပ်ကွက် မြို့မရဲစခန်းသို့ ဟိုက်ဂျက်ကားအဖြူ(၂)စီးဖြင့် ရိက္ခာတင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဖော်ပြထားသည်။

နာရီဝက်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီမှ ၃ ဦး သေဆုံးခဲ့ကြောင်းမြေပြင်သတင်းအရသိရသည်ဟုအသိပေးသည်။
“မနက် ၁၀ နာရီကျော်လောက်ကစတာ။ တိုက်ပွဲက နာရီဝက် ကျော်လောက်ကြာတယ်။ရန်သူဘက်က အသေအဆုံးတွေများလို့ လက်နက်ကြီး တွေ ၆၀ မမ ၁၂၀ မမ တွေပါထုတ်သုံးပြီး ပစ်ကူ ပေးခဲ့တယ်”ဟုDMO Local PDFမှဗိုလ်ဖရန်စစ်က လူထုနွေဦးသို့ပြောသည်။
ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုတွင်ပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုမရှိကြောင်းအသိပေးထားသည်။
