▪️စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိနိုင်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့သွားသော စစ်ကောင်စီ၏ယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပြည်သူ့ကာ ကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တို့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု သထုံ PDFက သတင်းထုတ်ပြန်သည်။
ယနေ့ (ဇူလိုင် ၁၀ရက်) နံနက် ၃နာရီ ၄၀မိနစ်ခန့်တွင် သထုံမှ ဘီးလင်းမြို့ဘက်သို့သွားသော ယာဉ်တန်းကို ကမာစိုင်ကျေးရွာတစ်လျှောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
ထို့သို့ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကားကြီး (၃)စီးနှင့်ကားသေးတစ်စီး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရသူရှိနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ(၁) တပ်ရင်း (၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
