အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် သည် ယမန်နေ့ညနေပိုင်းတွင် ဘန်ကောက်သို့ရောက်ရှိလာပြီး ၎င်း၏ ထိုင်းခရီးစဉ်အတွင်း မြန်မာ့အကျပ်အ တည်းဖြေရှင်းရေးကို ထည့်သွင်းဆွေးနွေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ခရီးစဉ်အတွင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် မြန်မာပြည်သူများအရေးကို ထည့်သွင်းဆွေးနွေး မည်ဟု ဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဘန်ကောက်သို့ လာရောက်ကာ ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ သို့သော် သတင်းထုတ်ပြန်ချက်များအရ အဆိုပါတွေ့ဆုံဆွေးနွေးမှုများအတွင်း မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးသည်ကို မတွေ့ရပေ။
