●မူးယစ်ဆေးဝါးများကိုဖျက်ဆီး၊အရေးယူသည့်အနေဖြင့်ကားတစ်စီးနှင့်ကျပ်သိန်း၇၀ကိုသိမ်းယူ၍တော်လှန်ရေးအတွက်အသုံးပြုမည်
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသောအဖွဲ့တစ်ဖွဲ့၏စခန်းကို ဝင်ရောက်ဖမ်းဆီးရာတွင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းရေးပြောက်ကျားတပ်ဖွဲ့ -YGFက သတင်းထုတ်ပြန်သည်။
ကိုယ်တိုင်မူးယစ်ဆေးဝါး အသုံးပြုပြီးရောင်းဝယ်ဖောက်ကားနေသော အဖွဲ့တစ်ဖွဲ့ကို ပြည်သူများ၏ သတင်းပေးမှုနှင့် သတင်းရမှုအရ ဇူလိုင် ၅ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြာင်း ရေးပြောက်ကျားတပ်ဖွဲ့က ဇူလိုင်၉ ရက်တွင်ထုတ်ပြန်သည်။
ဖမ်းဆီးရာတွင် WY ဆေးပြား ၂၆၄ ပြား၊ ဘိန်းစာရွက်ပုံပါအထုတ် ၅၀ ထုတ်၊ ဆိုင်ကယ် ၇ စီး၊ ကားတစ်စီးနှင့် ငွေကျပ်သိန်း ၇၀ကို ဖမ်းဆီးရမိသည်ဟုဖော်ပြထားသည်။

ဖမ်းဆီးရမီခဲ့သည် ဆေးပြားများနှင့် ဘိန်းစာရွက်များကို မီးရှို့ဖျက်စီးခဲ့ပြီး၊မူးယစ်ဆေးဝါးရောင်းချမှုကိုအပြစ်ပေးအရေးယူသည့်အနေနှင့် ယာဉ်များ၊ငွေကြေးများကိုသိမ်းယူခဲ့ပြီးတော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟုYGF ကအသိပေးသည်။
“လူတွေကိုတော့နောက်ထပ်ဒီလိုမျိုးထပ်မလုပ်ဖို့ နောက်တစ်ခါဆိုရင်လူကိုယ်ပါအရေးယူမည့်အကြောင်းသတိပေးပြီးသက်ညှာတဲ့အနေနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်”ဟုအဖွဲ့မှတာဝန်ရှိသူကပြောသည်။



ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။
“ဒီကိစ္စကိုအကြံပြုချင်နေတာကြာပြီ အရောင်းဒိုင်တွေ လက်ခွဲတွေကို ဖမ်းကြပါ။ အရေးယူကြပါ။ မွန်တော်တော်များများ အိမ်တိုင်းက အာစီယံနဲ့သာယာနေတာ နိုင်ငံပျက်နေတာတောင် သူတို့နဲ့မဆိုင်သလိုပဲ အရွက်လမ်းကြောင်းပျက်ရင်တော့ ကမ္ဘာပျက်သလိုပဲ”ဟု အဆိုပါသတင်းထုတ်ပြန်ချက်အပေါ်ပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။
