အရှေ့ဒဂုံနှင့် သာကေတမြို့နယ်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဒလန်ဆိုသူနှစ်ဦး ရှင်းလင်းခံရကြောင်း ဒေသခံများက ပြောသည်။
ရှင်းလင်းခံရသည့် ဖြစ်စဥ်များအရ ယမန်နေ့(ဇူ လိုင် ၅ရက်)က ရပ်ကွက်ရုံးဖွင့်ရန်လာသည့် ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ (၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှာ ၎င်း၏ ကားပေါ်၌ ပင် သေနတ်ဖြင့်လေးချက်ထက်မနည်း ပစ်ခတ်ခံရခြင်းဖြစ်သည်။
“မနေ့က ညနေ ၅ နာရီလောက်မှာဖြစ်တာ။ ရှင်ထွေးညိုလမ်းနဲ့ ဆယ်မြောင်းလမ်းထောင့်၊ ရွှေ တောင်ကြီး လက်ဖက်ရည်ဆိုင်ရှေ့မှာပစ်ခတ်ခံရတာ”ဟု (၁၅)ရပ်ကွက်နေသူတစ်ဦးက ပြော သည်။
အဆိုပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းမှုမှာ ၎င်းတို့ဆောင်ရွက်ခဲ့ခြင်းဟု ULTIMATE REVOLUTIONARY MOVEMENT TEAMအဖွဲ့က ထုတ်ပြန်သည်။
အလားတူ သာကေတမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဟုအများက သတ်မှတ်ခံရသော လင်မယားနှစ်ဦးပစ်ခတ်ခံရကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။
“အိမ်ထဲမှာပဲ ဝင်ပစ်ခံရတာ။နှစ်ယောက်စလုံး သေပြီလို့ ဒီမနက်သတင်းကြားတယ်”ဟု သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်နေသူတစ်ဦးက ရှင်းပြသည်။
