မကွေးတိုင်းနှင့် ဆက်စပ်သည့် လမ်းပိုင်းငါးခုတွင် ယနေ့(ဇူလိုင် ၆)မှစပြီး တစ်လအတွင်း စစ်ကောင်စီတပ်မှ ယာဥ်များနှင့် ကပ်မလိုက်ကြရန် မကွေးတိုင်းဒေသကြီးတပ်တော်(MDPDF)ကသတိပေးထုတ်ပြန်လိုက်သည်။
အဆိုပါလမ်းပိုင်းများမှာ မကွေး-ရေနံချောင်း-ကျောက်ပန်းတောင်း၊ မကွေး-မြို့သစ်-နေပြည်တော်၊ မကွေး-နတ်မောက်၊ မကွေး-သစ်ရာကောက်-တောင်တွင်းကြီးနှင့် မကွေး-မင်းလှ-မလွန် စသည့်လမ်းပိုင်းများပါဝင်သည်။
“ယာဥ်ကြီး၊ ယာဥ်ငယ်၊ ဆိုင်ကယ်သမားများအနေဖြင့် စခ ယာဥ်တန်းများ၊ ရခ ယာဥ်တန်းများ၏နောက်မှ ကပ်လိုက်မောင်းနှင်ခြင်း မပြုကြပါရန်၊ စစ်ကား၊ ရဲကားများအား ဝေးဝေးမှသာ ရှောင်ကျဥ်မောင်းနှင်ကြပါရန် သတိပေးတားမြစ် ကြေညာအပ်ပါသည်”ဟု MDPDF က အသိပေးသည်။
ထို့ကြောင့် အဆိုပါလမ်းပိုင်းငါးခုကို ဇူလိုင် ၆ရက်မှ သြဂုတ် ၆ ရက်အထိ တစ်လအတွင်း ဖြတ်သန်းသွား လာမည့်ပြည်သူများအနေဖြင့် သတိပြုဆင်ချင်နိုင်ကြရန် ထုတ်ပြန်ထားသည်။
