ချင်းပြည်နယ် မတူပီ နှင့် လိုင်လင်းပီမြို့ လမ်းပိုင်းတွင် ယနေ့နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှမတူပီဘက်သို့ ခြေလျင်စစ်ကြောင်း ဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့်CDF တို့သည် ယနေ့ (ဇူလိုင်၆ရက်) နံနက် ၉နာရီ ၁၅မိနစ်တွင် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးဘဲ သတင်းအပြည့်အစုံကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
မတူပီ CDF အနေဖြင့် မတူပီ မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ယာဉ်တန်းများနှင့် စစ်ကောင်စီတပ်စခန်း၊ တပ်စွဲရာနေရာများကို တိုက်ခိုက်လျက်ရှိသည်။
