ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ကျော် သေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ယနေ့(ဇူလိုင် ၆ ရက်) တွင်ထုတ်ပြန်သည်။
ဇူလိုင် ၄ ရက်၊ နံနက် ၅ နာရီခန့်ကဖယ်ခုံမြို့နယ် ကုန်းဆုံနှင့်လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏လွယ်ပသာကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF ၊ PDF (Phekhon)၊ SSRY ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်ကာ၊ စစ်ကာင်စီတပ်သေဆုံးမှုများပြီး စစ်ကောင်စီတပ်၏လွယ်ပတာစခန်းကို သိမ်းပိုက်ရရှိလုနီးပါးအခြေအနေတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှလက်နက်
ကြီးများဖြစ်အဆမတန် အသုံးပြု စစ်ကူပေးလာခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်များမှ နေ့လည်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ဘက်မှ (၄၀) ဦးကျော် သေဆုံးခဲ့ပြီးထိခိုက်မှုများပြားခဲ့သည်ဟု ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ အဆမတန် လက် နက်ကြီးပစ်ခတ်မှုနှင့် သာလွန်စစ်ကူအင်အားတို့ကြောင့် တပ်စခန်းများကို ဝင်ရောက်စီးနှင်းမှုအတွင်းပူးပေါင်းတပ်ဖက်မှ ရဲဘော် (၁၁) ဦးကျဆုံးခဲ့သည်ဟုအသိပေးထားသည်။
“အဓိကတော့ လက်နက်ကြီး ပစ်ကူကြောင့် အကျ များခဲ့ရတာ။လက်ရှိ ဒီနေ့ ထိလည်း တိုက် ပွဲက ပြင်းထန်နေတုန်းပဲလို့ သိရတယ်”ဟု ကရင်နီ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲ၌ စစ်ကောင်စီတပ်သည် သေဆုံးထိ့ခိုက်မှု များချိန်တွင်အင်အား ၂၀၀ခန့် ဖြင့် စစ်ကူပေးလာခြင်းဖြစ်သည်ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။
“စစ်ေတွေလည်း အသေများတယ်။ ရပ်ကွက်ထဲမှာအလောင်းတွေ ကားနဲ့လိုက်ကောက်နေရတယ်။ ရွှေပြည်အေး စစ်ကြောင်းမှာလည်းစစ်တွေ အကုန်နီးပါသေတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များကို အာဇာနည် သူရဲကောင်းများ အဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။
