ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများဖြစ်နေ၍ဂန့်ဂေါ-ကလေးလမ်းပိုင်းကို လုံးဝ အသုံး မပြုရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ ဟာ ( ၇ )က ယနေ့(ဇူလိုင် ၂ ရက်)တွင် ထုတ်ပြန် သည်။
ယခုလ ၁ ရက်ကစ၍ မြောက်ခင်ရန်းရွာဘက်မှ ပျူစောထီး နှင့် စစ်ကောင်စီ ပူးပေါင်းအဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ဂန့်ဂေါခရိုင် မြောက်ပိုင်း ကုန်းရွာသို့ဝင်ရောက်ခဲ့သည်။စစ်သားနှင့်ပျူများကုန်းရွာသို့မဝင်ရောက်မီအနောက်ပိုင်းတိုင်းတပ်မဟာ၇လက်အောက်ခံတပ်ရင်းများ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့မှုဖြစ်ပွားရာကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းတပ်မဟာ၇ က အသိပေးသည်။
တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့၏ ထိခိုက်သေဆုံးမှုကိုမူ အတည်မပြုနိုင်သေးကြောင်းလည်းဖော်ပြထားသည်။
“ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက တစ်လတစ်ခါလောက် အနီးနားက ရွာတွေကို စစ်ကြောင်းထိုးပြီး ရိက္ခာ လာလာယူနေကြ။ အခု အဲဒီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်နေတာပါ”ဟု တပ်မဟာ ၇ ၊ တပ်ရင်း ၇၀၃ မှပြန်ကြားရေးတာဝန်ခံကပြောသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ဂန့်ဂေါ-ကလေး လမ်းပိုင်း ကို လုံးဝ အသုံးမပြုရန် နှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်ကို အတိအကျ လိုက်နာပေးရန်လည်း အနောက်ပိုင်း တိုင်းတပ်မဟာ ၇ တပ်ရင်း ၇၀၃ က တိုက်တွန်းသည်။
