ကြားကာလအခမဲ့ပညာရေးအတွက် Federal School အချို့မှ သင်ကြားရေး ဆရာ၊ ဆရာမနှင့် ကျောင်းသားသစ်များ ထပ်မံခေါ်ယူလျှက်ရှိကြောင်း အဆိုပါကျောင်းများမှ အသိပေးထုတ် ပြန်သည်။
ဆရာ၊ ဆရာမနှင့် ကျောင်းသားသစ်ထပ်မံခေါ်ယူသည့် ကျောင်းများတွင် Magway Federal School ၊ Power Of Education ၊ Kyaukpadaung Federal School ၊ Pann Khar Myay Federal စသည်တို့ပါဝင်သည်။

အဆိုပါကျောင်းများအနက် Magway Federal School(MFS)မှ ထပ်မံလျှောက်ထားလိုသူ ကျောင်း သားများ များနေသဖြင့် ကျောင်းသား ၃၀၀ ထပ်မံခေါ်ယူပါမည်ဟု အသိပေးသည်။
သို့သော် MFS မှ အထက် ပါအတိုင်းအသိပေးထုတ်ပြန်ပြီး ၃ နာရီခန့်အကြာတွင် လျှောက် ထားသောကျောင်းသားဦးရေမှာ သတ်မှတ်ပမာဏပြည့်သွားသည့်အ တွက် Form ပိတ်ပြီဖြစ်ကြောင်း ထပ်မံအသိ ပေးထုတ်ပြန်ခဲ့ရသည်။
MFS တွင် ကျောင်းဖွင့်ချိန်ကတည်းက ကျောင်း သား၊ ကျောင်းသူ ၃,၃၀၀ ရှိကာ ဆရာ၊ ဆရာမ ၂၀၀ ကျော်ဖြင့်သင်ကြားပေးခဲ့ရာ လက်ရှိတွင် ကျောင်းသားသစ်များလက်ခံထား၍ သင်ကြားရေးဆရာဆရာမများပါ ထပ်မံခေါ်ယူထားသည်ကို တွေ့ရသည်။
“Magway Federal School မှ သင်ကြားရေးဆရာဆရာမခေါ်ယူခြင်း (5-7-2022) 9:00 PM တွင် Form ပိတ်ပါမည်”ဟု ဖော်ပြသည်။

အလားတူ ဖန်ခါးမြေ(Pann Khar Myay Federal School)မှလည်း အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစတင်လက်ခံလျှက်ရှိရာ ကျောင်းသား ၈၀၀ ဦးခေါ်ယူထားပြီး ယင်းအနက် Grade 10(သင်ရိုးသစ်)အတွက် ၄၀၀ ဦးနှင့် Grade 11(သင်ရိုးဟောင်း)အတွက် ၄၀၀ ဦးဖြစ်ပြီး စိစစ်လက်ခံမည်ဟု ဆိုသည်။
ကျောင်းသားလက်ခံရာတွင် CDM မိသားစုဝင်၊ CDM ဝန်ထမ်းသားသမီးဖြစ်လျှင် ၃၀ ရာခိုင်နှုန်း၊ မြို့နေမိသားစုသားသမီးဖြစ်လျှင် ၂၀ ရာခိုင်နှုန်း၊ တောရွာနေ မိသားစုသားသမီး ဖြစ်လျှင် ၂၅ ရာခိုင်နှုန်းနှင့် ချို့တဲ့မိသားစုသားသမီး ၂၅ ရာခိုင်နှုန်း အသီးသီးသတ်မှတ်ထားကြောင်း ထုတ်ပြန်သည်။
သင်ကြားရေးဆရာ၊ ဆရာမများသာ သီးသန့်ခေါ်ယူထားသောကျောင်းများတွင် Kyaukpadaung Federal School နှင့် Power Of Education ကျောင်းများပါဝင်ပြီး မူ၊ လယ်၊ ထက် စသည့်အတန်းစဥ်အားလုံးအတွက် ခေါ်ယူထားသည်။
လက်ရှိတွင် ကြားကလပညာရေးကို အွန်လိုင်းကတဆင့်သင်ကြားနိုင်ရန် NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန(MOE)လမ်းညွှန်မှုများအတိုင်း ဖက်ဒရယ်ယူနစ်အသီးသီး၌ Federal School များဖွင့်လှစ်ထားရှိရာ သင်ကြား၊ သင် ယူမှုလုပ်ဆောင်မည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှာ Telegram နှင့် Gmail အကောင့်များ ကြိုတင်ပြုလုပ်ထားရန် လိုအပ်သည်။
