ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့က ထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၁ ရက်)နံနက်ပိုင်းက လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စစ်ကောင်စီစခန်းကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး၏ Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဇွန်လ၂၉ ရက်ကလည်း လွယ်ဟယ်ရွာတွင် တပ်စွဲထားသောရန်သူအား အထူးစစ်ဆင်းရေး Sniperအဖွဲ့နှင့် Fighterအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးကြောင်း အသိပေးထားသည်။
အလားတူ ဇွန် ၂၃ ရက်က လွယ်မကူးတောင် ကုန်းပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို အထူးစစ်ဆင် ရေးအဖွဲ့က စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
