စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် Adman Goldဘီယာများ သယ်ဆောင်လာ၍ ယင်းဘီယာများအား ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုခရိုင်အခြေစိုက် SNAKE EYES PDFအဖွဲ့က ထုတ်ပြန်သည်။
ယနေ့(ဇွန်လ ၂၇ရက်) မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀)အား တင်ဆောင်လာသော Light Truck ယာဥ်တစ်စီးကို SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။




သယ်ဆောင်လာသူ ယာဉ်မောင်းအား နောက်နောင် သုံးစွဲခြင်း၊ရောင်းဝယ်ခြင်း၊သယ်ဆောင်ခြင်းမပြုရန် သတိပေး၍ ယာဉ်နှင့်တစ်ပါတည်းပြန်လွှတ်ပေးခဲ့သည်။
စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရွှေဘိုခရိုင်အခြေစိုက် C&T SHWEBOအဖွဲ့ကလည်း စစ်ကောင်စီ ထုတ်ကုန်များ၊ စစ်ကောင်စီကိုထောက်ခံအားပေးသော (စစ်ကောင်စီနှင့် နည်းအမျိုးမျိုးနှင့်ပက်သက်ဆက်နွယ်နေသော) စီးပွားရေးလုပ်ငန်းစုများမှ ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်း ၊ ရောင်းချခြင်း ၊ သယ်ဆောင်ခြင်းမပြုကြပါရန် ပြည်သူများအား အသိပေးထားသည်။
