ကျောင်းပန်းတောင်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ (Kyaukpadaung Defence Force)၏ တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ KDF တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး နှစ်ဦးဖမ်းဆီးခံရကြောင်း KPG Update News က ဖော်ပြသည်။
KDFတပ်စခန်းသည် ချောက်မြို့နယ် ဆင်ကရွာနှင့် တောင်နောက်ကြား၌ တည်ရှိပြီး ဇွန်လ ၂၃ရက် နံနက် ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များက စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အညာဒေသဖြစ်၍ လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံပစ်ခက်သော်လည်း လက်နက်အင်အားမမျှတသဖြင့် KDF တပ်စခန်းကိုပေးအပ်လိုက်ရသည်။ ထိုဖြစ်စဉ်တွင် KDFတပ်ဖွဲ့၀င် နှစ်ဦးကျဆုံးသွားပြီး ဒဏ်ရာများဖြင့်မပြေးနိုင်သော ရဲဘော် နှစ်ဦးလည်း ထပ်မံဖမ်းဆီးခံရကြောင်း သိရှိရသည်”ဟု KPG Update News က ဖော်ပြသည်။
ကျန်နေသည့် ရဲဘော်များအားလုံး လွတ်မြောက်ရာသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က တပ်စခန်းရှိ အဆောက်အဦး နှစ်လုံးကို မီးရှို့သွားပြီးအချို့သောလက်နက်၊ပစ္စည်းများလည်းကိုလည်း KDFတပ်ဖွဲ့မှ လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု ဆိုသည်။
ယခု တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး KDF တပ်ဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
