မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၂၇) ထုတ်ပြန်သည်။
ယနေ့နံနက် ၆ နာရီခန့်က ပုလောနယ်၊ နန်းတောင်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပုလောPDF နှင့် မဟာမိတ်ညီနောင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ယင်းတိုက်ပွဲမှာ နံနက် ၈ နာရီခန့်အထိ လက် နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်များအထိအခိုက်မရှိခဲ့ဟု ဆိုသည်။
“ပြည်သူတွေ စိတ်မပျက်စေရအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်ခဗျ”ဟု ပုလောPDFမှတော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးချဲ့နေပြီး ထိတွေ့တိုက်ပွဲများအချိန်မရွေးထပ်ဖြစ်လာနိုင်သောကြောင့် ပြည်သူများသတိပြုနေထိုင်ကြရန် အသိပေးထားသည်။
