ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-Local PDF) နှင့် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့(KRU)တို့ မဟာမိတ်ဖွဲ့ စည်းကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
ယနေ့(ဇွန် ၂၄ ရက်) တွေ့ဆုံဆွေးနွေးမှုဆုံးဖြတ်ချက်အရ စစ်ရေးအရသော်လည်းကောင်း၊ဆက်ဆံရေးနှင့် အခြားကဏ္ဍ အရသော်လည်းကောင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့အဖြစ် ပူး ပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးသည်။

မဟာမိတ်တပ်ပေါင်းစုအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှချမှတ်ထားသော မူဝါဒလမ်းစဥ်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်၏ သစ္ဟာအဓိဌာန်လေးချက်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ကတိပြုသည်။
အာဏာရှင်ကျရှုံးရေး၊ဒီမိုကရေစီ ရရှိရေး၊စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် မဟာမိတ်တပ်ပေါင်းစုက အဆုံးစွန်ထိအတူတကွ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ် ကြောင်းလည်း ကြေညာချက်၌ ဖော်ပြသည်။
“အဓိကတော့ ပြည်သူလူထုတွေတောင်းဆိုတာလည်းပါသလို ကျွန်တော်တို့တွေ ပိုပြီးစည်းလုံးမှုလိုလာတဲ့အတွက် မဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့တာ။အရင်ကတော့ တိုက်ပွဲထဲမှာ အတူတူ ရန်သူကို တိုက်ခဲ့တယ်။ဒါပေမယ့်မဟာမိတ်အဆင့်ထိ တော့မဟုတ်ဘူး။အခုကတော့ ပိုပြီးအင်အားကြီး လာမယ်”ဟု DMO Local PDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။
DMO Local PDF နှင့် မဟာမိတ်တပ်ပေါင်းစု အဖြစ်ပူးပေါင်းခဲ့သည့် KRU တွင် Karenni Generation – Z (KGZ)၊ Karenni Demo cratic Front (KDF)၊Fight for Justice (JPDF)၊ GZ – 21 (Loikaw)၊ Medic Unit နှင့် Southern Shan People Defense Force (SSPDF) တို့ပါဝင်သည်။
