တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(ဇွန် ၂၃ ရက်) ညနေ ၄ နာရီခန့်ကမီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်၏မီးရှို့မှုကြောင့်လူနေအိမ် ၄ လုံးမီးလောင်ကျွမ်းခဲ့ပြီး ဒေသခံပြည်သူ ၂၀၀ခန့်အိန္ဒိယနယ်စပ်သိုထွက်ပြေးခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရန်လင်းဖိုင်ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
“မီးရှို့လို့အိမ်မီးလောင်တာဘဲရှိတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ PDFတွေနဲ့ တိုက်ပွဲမဖြစ်ပဲ သက်သက်မီးလာရှို့သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်၍ နေအိမ်အချို့ ထိ့မှန်ပျက်စီးခဲ့သေးသည်။



စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံပျူစောထီးများကို PDF(တမူး)က ယမန့်နေ့ (ဇွန် ၂၂ ရက်)တွင် စွန်ရဲစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)ကထုတ်ပြန်ထားသည်။ ထိုသို့တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင် ရန်လင်းဖိုင်ရွာမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
