ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို ဂျပန်ကာကွယ်ရေးဝန်ကြီး က ပြောလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာကျင်းပတဲ့ ဂျပန်နဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးမှာ အဲဒီလိုပြောလိုက်တာလို့ The Japan Times သတင်းဌာနကဖော်ပြပါတယ်။
မြန်မာပြည်မှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးတက်မှု လုံးဝမရှိတာကို ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကိုစိုးရိမ်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး ကို ဂျပန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာမြန်မာစစ်ကောင်စီကာကွယ်ရေးဝန်ကြီးကိုတက်ခွင့်မပြုဖို့ ကန့်ကွက်တာတွေရှိပေမယ့် လည်း တက်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
