ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ရှမ်းကုန်းလမ်းရှိ စစ်ကောင်စီခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး အောင်မြင့်၏နေအိမ်အား ယနေ့(ဇွန်လ ၂၃)နေ့လည်ပိုင်း၌ ဗုံးဖြင့်ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နေ့လည် ၂နာရီခွဲဝန်းကျင်တွင် ရှမ်းကုန်းလမ်းရှိ အုပ်ချုပ်ရေးမှူး အောင်မြင့်နေအိမ်အား Brave Eagles (UG) အဖွဲ့မှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ပစ္စည်းချို့ယွင်းမှုကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး ဗုံးပေါက်ကွဲခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပစ္စည်းချို့ယွင်းမှုကြောင့် အဆင်မပြေဖြစ်ခဲ့ပေမယ့် ရဲဘော်တွေတော့ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်နောင်လည်း အကြမ်းဖက် စစ်ကောင်စီထောက်တိုင် အဖွဲ့အစည်းများနဲ့ လောက်ကောင်ဒလန်များကို ထိရောက်ပြင်းထန်စွာ တိုက်ခိုက်သွားပါမယ် “ဟု Brave Eagles(UG)အဖွဲ့က ဆိုသည်။
လက်ရှိတွင် ရှမ်းကုန်းလမ်းအား အကြမ်းဖက်စစ်ကောင် စီဝင်များက ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ပြည်သူများအနေဖြင့် ရှမ်းကုန်းလမ်းအား ဖြတ်သန်းသွားခြင်းမပြုဘဲ ဂရုစိုက် ရှောင်ရှားသွားရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း တော်လှန်ရေး အင်အားစုကလည်း ထုတ်ပြန်ထားသည်။
