မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျပ်အတည်းကြောင့် အာဆီယံနိုင်ငံများနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများသည် နှောင့်နှေးခဲ့ရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇွန် ၂၀ ရက်တွင် ပြောသည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဘုံသဘောတူဆုံးဖြတ်ချက်အပေါ် အခြေခံထား၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏အတည်ပြုချက်ပျက်ကွက်မှုမှာ အတားအဆီးဖြစ်စေနိုင်ပြီး အာဆီယံ၏ညှိနှိုင်းမိတ်ဖက်များနှင့်အလားအလာရှိသောသဘောတူညီချက်များတွင် မြန်မာကအနှောင့်အယှက် ဖြစ်နေခြင်းဖြစ်သည်။
ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။
အာဆီယံသည်ဘုံဆုံးဖြတ်ချက် ၅ရပ်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိသည့်မြန်မာစစ်ကောင်စီကို၎င်း၏ထိပ်သီးအစည်းအဝေးများအပါအဝင်နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ တွင် အာဏာသိမ်းစစ်ကောင်စီကို ဖယ်ချန်ထားသည်။
ထို့အတွက် အာဆီယံသည် ဥရောပသမဂ္ဂ နှင့် အခြားသော ဆွေးနွေးဖက်နိုင်ငံများနှင့် ကုန်သွယ် ရေးတိုးမြှင့်နိုင်ခြင်းမရှိကြောင်းနှင့် ယင်းသည် အာဆီယံအတွက် မျှတခြင်းမရှိကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာစစ် ကောင်စီကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။
သို့သော် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ၎င်း၏ ဒုတိယခရီးစဉ်လာရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း NUG ၊ NUCC တို့နှင့် ထိတွေ့ဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။
