ဥက္ကံမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ကို သုတ်သင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လွတ်မြောက်နယ်မြေသို့ ရောက်ရှိကြောင်း သတင်းထုတ်ပြန်မှုအား love react ပေးသည့် မြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။
ယမန်နေ့ကဥက္ကံမြို့၊ ကင်းမတီးအလယ်ရွာမှ ပြည်သူ့စစ်ခေါင်းဆောင် အောင်မိုးအား ဥက္ကံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဥက္ကံPDF) ကပစ်ခတ်ရှင်းလင်းပြီးနောက် ရဲဘော်များ လုံခြုံဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာယင်း Post အား Aye Thin အကောင့်ပိုင်ရှင်မှ Love React ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းထုတ်ပြန်ချက်ကို Love React ပေး၍ဆိုကာဥက္ကံမြို့မင်းရဲကျော်စွာရပ်ကွက်၊သုဓမ္မာလမ်းတွင်နေထိုင်သော Aye Thin ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်အမျိုးသမီးအား အ ကြမ်းဖက်စစ်ကောင်စီတပ်မှ ယမန်နေ့(ဇွန် ၂၂)ည ၁၂ နာရီကျော်တွင် နေအိမ်သို့သွားရောက်ဖမ်းဆီးသွားကြောင်း ပြည်သူမှသတင်း ပေးပို့လာခြင်းဖြစ်သည်ဟု ဥက္ကံ PDF က ပြော သည်။
“မဆိုင်တဲ့ ပြည်သူတွေကို ဖမ်းစရာမှ မလိုတာ။ သူတို့(စစ်ကောင်စီ)ဖိလို့ရတဲ့နယ်မြေမို့လို့ ပြည်သူတွေကို အကြောက်တရားထည့်နေတာ”ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်ခေါင်ဆောင် ၊ပျူစောထီး ဒုတိယခေါင်းဆောင်ဖြစ်ကြောင်းသေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။
ထိုအပြင် ဥက္ကံမြို့တွင် စစ်ကောင်စီထောက်တိုင်များကို ပိုမိုရှင်းလင်းသုတ်သင်တော့မည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
