▪️ဆေးဝါးလိုအပ်မှုများရှိ၍ပံ့ပိုးပေးရန် မေတ္တာရပ်ခံ
မကွေးတိုင်း ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ယနေ့ (ဇွန် ၁၈ရက်)တွင် ထုတ်ပြန် သည်။
ကွင်းဆင်းစစ်ဆေးသည့် နေရာဒေသနှင့် နေ့ရက်အချိန်ကို ဖော်ပြထားသော်လည်း ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးနေသည့် ဓာတ်ပုံများ ဖော်ပြခဲ့သည်။




ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းများကိုတွေ့ရှိရပြီး သွားနှင့်ခံတွင်းရောဂါများလည်းတွေ့ရှိခဲ့ရကြောင်းနှင့် တတ်နိုင်သည့်ကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ဆေးဝါးလိုအပ်မှုများရှိသည့်အတွက် ကူညီပံ့ပိုးပေးကြပါရန်လည်း မိဘပြည်သူများထံ မေတ္တာရပ်ခံကြောင်း ဆော(ပအဖ)က ထုတ်ပြန်ခဲ့သည်။
