ဖားအံမြို့နယ်အတွင်း ကော်သူးလေကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ဖို့အတွက် ကေအဲန်ယူ-ဖားအံမြို့နယ်ရဲ့ အရပ်ဘက်စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ၊ ပညာရေးနဲ့ယဥ်ကျေးမှုဌာန ခေါင်းဆောင်တွေ၊ ကျောင်းဆရာဆရာမတွေ၊ ရပ်ရွာလူကြီးတွေ၊ မိဘဆရာ အသင်းအဖွဲ့ဝင်တွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ဇွန်လ (၁၁) ရက်က ဟတ္တလိုက်ကျေးနယ်အုပ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တာလို့ ဒူးသထူခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆွေးနွေးချက်တွေအရ ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း ကော်သူးလေစာသင်ကျောင်းတွေကို လာမယ့်ဇွန်လ (၁၅) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကေအဲန်ယူ-ဖားအံမြို့နယ်အတွင်း (KECD) ကော်သူးလေအထက်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်းအပါအဝင် ကျောင်းစုစုပေါင်း (၂၄)ကျောင်း ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တယ်လို့ မြို့နယ်သတင်းနဲ့ပြန်ကြားရေးဌာနခွဲထံကနေ သိရပါတယ်။
