ကလေးမြို့မှ တီးတိန်မြို့သို့သွားသည့် စစ်ကောင်စီတပ်၏ ယာဉ် ၁၇ စီးပါ ယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုပူးပေါင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၇ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF CDM-Siyin အဖွဲ့ကသတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ် ကားတန်းသည် ဇွန် ၁၆ ရက်တွင် ကလေးမြို့မှ ထွက်လာပြီး ဇွန် ၁၇ ရက်နေ့လယ် ၂နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲံ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုဖော်ပြထားသည်။

ယနေ့တိုက်ပွဲကို CDF CDM (စီးယင်း)နှင့်PDF(Zoland)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မြေပြင်မှာ လိုင်းမကောင်းလို့ မြေပြင်ကသူတို့နဲ့ ဆက်သွယ်လို့မရသေးဘူး”ဟု CDM (စီးယင်း)အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက တိုက်ပွဲအခြေအနေအသေးစိပ်မေးမြန်းရာတွင်ပြောသည်။
ကလေးမြို့မှ ချင်းတောင်ကို ဇွန် ၈ ရက် နံနက် ၈နာရီတွင် စစ်ကား ၄ စီးနှင့် နေ့လယ် ၁၁ နာရီတွင် စစ်ကား ၁၃ စီး တက်သွားသည်ဟု ဒေသခံများကပြောသည်။ ထိုကားတန်းတွင် ၅ စီးမှာ ရိက္ခာ ကားဖြစ်ပြီးကျန်ကားများမှစစ်ကောင်စီတပ်သားများဖြစ်သည်ဟုလည်းဒေသခံများကပြောသည်။
ကလေးမြို့နှင့် တီးတိန်မြို့သည် မိုင် ၅၀ခန့် ကွာဝေးပြီး ပုံမှန် ၆ နာရီခန့်သာ မောင်းနှင်ရသည့် ခရီးအကွာအဝေးဖြစ်သည်။
